ကန့်ဘလူမြို့၌ တန်ဖိုးသင့်စားသောက်ကုန်များ ရပ်ကွက်အလိုက် ရောင်းချပေးလျက်ရှိ

ကန့်ဘလူ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများ နေ့စဥ်လူမှုဘဝစားသောက်ရာတွင် တန်ဖိုးသင့်စားသောက်ကုန်များ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ကျွန်းရွှေဝါလမ်းဘေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 ထိုသို့ရောင်းချ​ပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆီကုန်သည်ကြီးအသင်းတို့က ဒေသခံပြည်သူ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည် ကျပ် ၂၅၀၀ နှုန်း၊ ဆီ ၅၀ ကျပ်သားလျှင် ကျပ် ၃၃၅၀ စျေးနှုန်းဖြင့် ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 အလားတူ စားသောက်ကုန်များကို ယနေ့နံနက် ၇ နာရီက အမှတ် (၁) ရပ်ကွက်တွင်လည်းကောင်း၊ နံနက် ၉ နာရီက အမှတ် (၂)၊ (၃) ၊ (၄)ရပ်ကွက်တို့တွင်လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် အမှတ် (၅) ရပ်ကွက်တွင်လည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)