မက်မန်း ဩဂုတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် (အ-ထ-က)ကျောင်း မိုးရာသီအလွတ်တန်းဘောလုံးအားကစားပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာ အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အထက်တန်းပြဆရာ ဦးအောင်စည်သူစိုးက မိုးရာသီတွင်ကျင်းပသော အလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါမိုးရာသီ အလွတ်တန်းဘောလုံးပြိုင်ပွဲတွင် မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အထက်တန်းအဆင့် အမျိုးသားအသင်း(၅)အုပ်စု၊ အမျိုးသမီးအသင်း(၅)အုပ်စုနှင့် အငယ်တန်းအဆင့် အမျိုးသားအသင်း(၅)အုပ်စုတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အုပ်စုအလိုက် ပတ်လည်ကစားသွားမည်ဖြစ်ကြောင်း အထက်တန်းပြဆရာ ဦးအောင်စည်သူစိုးထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)