စမ်းချောင်းမြို့နယ်၌ ရပ်ကွက်နေပြည်သူများ၏ ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်

စမ်းချောင်း ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ Biometric Data ကောက်ယူခြင်းလုပ်ငန်းကို လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၀န်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း(ပြန်/ဆက်)