ငပုတောမြို့နယ်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင် အသင်းတို့ပူးပေါင်း၍ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ

ငပုတော ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်ရှိစားသုံးသူပြည်သူများအား ပေါ်ဆန်းရင် (၁) ပြည် ၅၀၀၀ကျပ်၊ ဧည့်မထဆန် (၁) ပြည် ၃၀၀၀ကျပ် လူတစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့် ပေါ်ဆန်း (၅)အိတ်နှင့်ဧည့်မထဆန်(၇)အိတ်အား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူစားသောက်နိုင်ရေးအတွက်ကုန်ဈေးနှုန်းထိန်းညှိလျော့ချရေးလုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)