အလုံ သြဂုတ်လ ၂၀
သူနာပြုတက္ကသိုလ်၊ ရန်ကုန်ဗဟိုသားဖွားသင်တန်းကျောင်းမှ ဒုတိယနှစ် ကျောင်းသူ(၂၅) ဦး သည် ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ပညာရပ်များကို စာတွေ့၊ လက်တွေ့ လာရောက်လေ့လာဆည်းပူးခဲ့ကြောင်း သိရသည်။
ထို့သို့လေ့လာရာတွင် အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမကြီး ဒေါ်လှသိန်းယဥ်က ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များအကြာင်းကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)