ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ရေသောက်ဒေသ မိုးစပါးစိုက်ပျိုးနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ဆည်ရေသောက်ဒေသ ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာတွင် မိုးစပါးစိုက်ပျိုးနေမှုအခြေအနေများကို ယမန်နေ့နံနက်၁၁နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အတူ၊ စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ ဌာနဆိုင်ရာများဖြစ်သည့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးကျော်ဆွေဝင်း၊ မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းလွင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး၊ ကိုင်းကျေးရွာနေ တောင်သူဒေါ်အုံးကြည်၏ ကိုင်းရွာမကွင်း၊ ကွင်းအမှတ်-၂၂၆၈၊ ဦးပိုင်အမှတ်-၇၁/၂ ရှိ ၁.၆၀ ဧကပေါ်၌ ဆင်းသုခမိုးစပါးစိုက်ပျိုးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှု၍ မြို့နယ်ဥက္ကဋ္ဌက စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် လိုအပ်သည့်သွင်းအားစုများ ပံ့ပိုးကူညီပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲသည်။ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ရေသောက်ဒေသတွင် ၂၀၂၄ ခုနှစ် မိုးသီးနှံအဖြစ် စပါးစိုက်‌ဧက စုစုပေါင်းဧက ၄၀၀၀ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)