မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိညာပေးဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ သြဂုတ် ၂၁

အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မြန်မာနိုင်မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း (ဗဟို-မန္တလေး) (AEDA-Mandalay) တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လုံးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က ဟောပြောပွဲကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်းမှ ဒေါ်ခင်မေပိုင်က မူးယစ်သမိုင်းကြောင်းနှင့် ဦးမြင့်သန်းက မူးယစ်ဆေးဝါးအမျိူးအစားများနှင့်ဆိုးကျိူးအန္တရာယ်များအကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများအား ဦးသန့်ဇင်ဦးနှင့် ဦးဝင်းမင်းလှိုင်တို့က မေးခွန်းများမေးမြန်းခဲ့ပြီး ဖြေဆိုခဲ့ကြသည့်ကျောင်းသား/သူများအား မဟာအောင်မြေခရိုင် ပညာရေးမှူးရုံး ဦးစီးအရာရှိဒေါ်ခင်နှင်းဆီက ဆုချီးမြှင့်ပြီး မူးယစ်ဆေးဝါးမသုံးစွဲစေရန် တက်ရောက်လာသည့် ကျောင်းသား/သူ(၂၀၀)ခန့်က သန္တိဌာန်ရွတ်ဆိုကြကြောင်း သိရသည်။

အောင်ဇော်မင်း