ကျောက်တန်း ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်အဆင့်ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀-၈-၂၀၂၄ ရက်နေ့ နံနက် ၁၀ နာရီက ကျောက်တန်းမြို့နယ်တွင် မြေသြဇာရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘုန်းခန့်အောင်နှင့်မြို့နယ်အဆင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီမှ တာ၀န်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီများအနေဖြင့် ဓာတ်မြေဩဇာရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိရာ ယူရီးယား(အလုံးကြီး) ၅၀ ကီလို တစ်အိပ်လျှင် ၈၃၀၀၀ ကျပ် ၊ Rock, Phosphato အခြေခံ(၁၅)ပတ်လည် ၅၀ ကီလို တစ်အိပ်လျှင် ၁၁၅၀၀၀ ကျပ် ၊ Di Ammonium Phosphato အခြေခံ(၁၅)ပတ်လည် ၅၀ ကီလိုတစ်အိပ်လျှင် ၁၂၈၀၀၀ ကျပ် ဈေးနှုန်းဖြစ်ကြောင်းနှင့် အမှန်သုံးစွဲမည့် တောင်သူများ လက်ဝယ်သို့ ဈေးနှုန်းသက်သာစွာရရှိရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
နေလင်းကျော်(ပြန်ဆက်)