နေပြည်တော် ဩဂုတ် ၂၁
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝကောက်ခံရရှိရေးအတွက် အခွန်ပေးဆောင်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ နေပြည်တော်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာမာတင်၊ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် ခရိုင်/ မြို့နယ်များမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် နေပြည်တော်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာတင်က အခွန်ကောက်ခံရခြင်း၏ ရည်ရွယ်ချက်၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် သတ်မှတ်ချက်များ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များ၊ နိုင်ငံတော်၏ အခွန်အကောက်ဖွဲ့စည်းထားရှိမှုနှင့်ပတ်သက်၍ အကျယ်အဝင့် ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာတင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)