တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ကြည့်ရှုအားပေး

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှု့နိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အတီးအမှုတ်၊ အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ကြည့်မြင်တိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောဆောင်ရွက်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်များငှားရမ်းပေးခြင်းစသည့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့တွင်  ခရမ်းသီး(၁)ပိဿာ ငွေတစ်ထောင့်ငါးရာကျပ် ရောင်းချရသဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချသူများ  မိသားစုစားဝတ်နေရေး အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်များပေါများပြီး တောင်သူများအနေဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးသော်လည်း ပြည်သူအချို့အနေဖြင့် ယာမြေ၊ ကိုင်းကျွန်းမြေနှင့်ခြံဝိုင်းမြေလွတ်နေရာများတွင် နေ့စဉ်အပိုဝင်ငွေရရှိရေး ကာလတို/ကာလရှည် သီးပင်၊ စားပင်များ စိုက်ပျိုးကြရာ ခရမ်းသီး(၁)ပိဿာ ငွေတစ်ထောင့်ငါးရာကျပ်ရောင်းချသဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်းကျင်းပသော ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်တွင်ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) များအား ပင်စင်လစာငွေများ ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားများအား စတင်ထုတ်ပေးလျက်ရှိ‌ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့သည့် အိမ်နှင့်ပတ်ဝန်းကျင်များ အားကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့သည့် အိမ်နှင့်ပတ်ဝန်းကျင်အိမ်များ လမ်းများအား ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူနှင့် ကျောင်းသား/သူများများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ ပြည်သူများအား သွေးတိုးနှင့်ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်

ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိပြည်သူများအား သွေးတိုးနှင့်ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအရေး(သီချင်းရေးနည်း) သင်တန်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး

အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်များ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ၂ဝ၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု (အခြေခံပညာအဆင့်)အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအရေး(သီချင်းရေးနည်း)သင်တန်းကို ဩဂုတ်လ(၁၈)နေတွင် စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မဟာအောင်မြေမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းများ ဆောင်ရွက်

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများ ဆေင်ရွက်ခြင်းကို  မဟာအောင်မြေမြို့နယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to