တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်​ရေး ​အသိပညာ​ပေးဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်များ ပြသ

ရှမ်းပြည်နယ်(အ​​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် အသိပညာ​ပေးလုပ်ငန်းများကို စဥ်ဆက်မပြတ်​ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လည် ၁နာရီက စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲများပြသခြင်းကို အခြေခံပညာမူလတန်း(လွန်)ကျောင်း သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အမာမြို့၌ မိုဘိုင်းစာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော စာဖတ်ပရိသတ်များထံ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အမာမြို့၊ (၄)ရပ်ကွက်အတွင်းရှိ စာငှားသူများထံသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ အ.ထ.က(၁)ကျောင်း၌ ဥပဒေဆိုင်ရာ အခြေခံအသိပညာပေးဟောပြောပွဲကျင်းပ

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဥပဒေဆိုင်ရာ အခြေခံအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် community centre ခန်းမ၌ “ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ်တို့ လူငယ်ပန်းချီပြိုင်ပွဲ” ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ရှောင်ကြဉ်ရန်ရည်ရွယ်၍ “ဆေးလိပ်‌‌ဆေးရွက်ကြီး အန္တရာယ်သတိပြုကာကွယ်တို့ လူငယ်ပန်းချီပြိုင်ပွဲ”ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ(၂၁)ရက်၊ နေ့လယ်ပိုင်းက အမှတ်(၉)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့တွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ပြည်သူလူထု ပူးပေါင်းပါဝင်သော မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ ဦးဆောင်သော မြို့နယ်ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ လူမှုကူညီရေးအသင်းအဖွဲ့ဝင် ပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကြက်ခြေနီအသင်းခွဲက  ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၆/၂၀၂၄) ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲက  ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၆/၂၀၂၄) ကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့(မူယာပင်)အခြေခံပညာအထက်တန်းကျောင်းသို့ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းများပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့(မူယာပင်)အခြေခံပညာအထက်တန်း​ကျောင်းသို့ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာ အသင်းတို့ပူးပေါင်း၍ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်သည်။
Subscribe to