စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) များအား ပင်စင်လစာငွေများ ထုတ်ပေး

စဉ့်ကိုင် ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားများအား စတင်ထုတ်ပေးလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါနိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များပင်စင်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဩဂုတ်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ်နံနက်(၇)နာရီမှ ညနေ(၃)နာရီအထိ  ထုတ်ပေးသွားမည်ဖြစ်‌ကြောင်းနှင့်  ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေလာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနည်းလမ်းများဖြင့် စနစ်တကျထုတ်ပေးလျက်ရှိသည်။ ပင်စင်စားမိဘပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။

မြို့နယ်အတွင်း၌ မြို့ပြပင်စင် ၃၃၅ဦး၊ ကာကွယ်‌ရေးပင်စင် ၁၀၆ဦး၊ နိုင်ငံရေးပင်စင် ၄၂ဦး စုစုပေါင်း (၄၈၃)ဦးတို့အား ထုပ်ပေးခဲ့ပြီး ကျန်ရှိသည့်နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များကိုလည်း နောက်ရက်များတွင် ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့စီးပွားရေးဘဏ်၊ မန်နေဂျာထံမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်) (၃၉၉)