မဟာအောင်မြေ ဩဂုတ် ၂၂
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများ ဆေင်ရွက်ခြင်းကို မဟာအောင်မြေမြို့နယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဦးနှောက်တီဘီရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး ပြင်းထန်ဝမ်းလျောဝမ်းပျက်ရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါများထိုးနှံပေးခြင်းနှင့် ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများက မွေးကင်းစမှ(၁)နှစ်ခွဲအောက်ကလေးငယ်များနှင့်ကိုယ်ဝန်မိခင်များအား ကာကွယ်ဆေးများထိုးနှံပေးပြီး ရက်ကွက်များသို့ ကွင်းဆင်း၍ ကာကွယ်ဆေးများကို စနစ်တကျ မှတ်တမ်းရေးသွင်း၍ ထိုးနှံပေးလျက်ရှိကြောင်းလည်း သိရသည်။
အောင်ဇော်မင်း