ကြည့်မြင်တိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကြည့်မြင်တိုင် ဩဂုတ် ၂၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောဆောင်ရွက်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်များငှားရမ်းပေးခြင်းစသည့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ဇာလင်းက ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများဖတ်ခြင်းဖြင့် ကျောင်းစာများကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းနှင့် ကျောင်းသားကျောင်းသူများ အသိပညာတိုးပွားလာစေရန် ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် အိမ်တွင်းအကြမ်းဖက်မှုနံရံကပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ်နံရံကပ်စာစောင်များပြသခဲ့ရာ စိတ်ပါဝင်စားစွာကြည့်ရှုကြပြီး စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း ( ပြန်/ဆက် )