အလုံမြို့နယ်၌ ပြည်သူများအား သွေးတိုးနှင့်ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်

အလုံ သြဂုတ်လ ၂၂

ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိပြည်သူများအား သွေးတိုးနှင့်ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် PHS-2 ဒေါ်အေးအေးဌေးမှ မိုးရာသီကာလတွင် ဖြစ်ပွားမှုများနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ စနစ်တကျလက်ဆေးနည်းအ‌ကြောင်း ပညာပေးဟောပြောခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ဘက်စုံသားဖွားသင်တန်းသူများမှ လူနာများအား Screening ‌ဆောင်ရွက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းအပါအဝင် ဆေးချို၊ သွေးတိုးဝေဒနာရှင်ပြည်သူ(၅၀)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆေးချို၊ သွေးတိုးဝေဒနာရှင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)