စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက အခမဲ့ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအား အခမဲ့ကွင်းဆင်းကုသပေးခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်မှစတင်ကာ ဆေးရုံကြီးအတွင်း၌ ဝေဒနာရှင်များ ရောဂါသက်သာပျောက်ကင်းစေရေး စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး တွေ့ဆုံဆွေးနွေး

မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက တာချီလိတ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယမန်နေ့ နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သထုံမြို့၊ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တာဝန်ရှိသူများနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အားကစားနှင့် ကာယသိပ္ပံ (တောင်ကြီး) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (တောင်ကြီး) တွင် ကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလေ့လာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ သြဂုတ် ၂၀ ရက်နေ့ နေ့လယ်က အ.ထ.က (ပန်းတောင်း) ကျောင်း Grade-6 မှ ကျောင်းသား/သူ(၄၃)ဦး အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလေ့လာခဲ့ကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မိုင်းယန်းခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ (၂) နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ရပ်စောက်မြို့ အမှတ် (၁) အခြေခံပညာအထက်ကျောင်းတွင် မိုးရာသီ ကျောင်းကောင်စီဘောလုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားများအား အားကစားစိတ်ဓာတ်မြှင့်တင်ရေး၊ ဘက်စုံထက်မြတ်စေရေး၊ ရာသီနှင့် လိုက်ဖက်သော အားကစားများ ကစားတက်စေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ ကျောင်းကောင်စီဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျောင်းဝန်းအတွင်းရှိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ကျောက်တန်းမြို့ ‌မူလွန်အနောက်ပိုင်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲကို မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အ.လ.က(ဘူးဘက်)စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to