ပင်လောင်းမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ
"ကျန်းမာပျော်ရွှင် ပညာသင်ဖို့ ပတ်ဝန်းကျင်ကောင်းဖန်တီးစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျောင်းကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ သိရှိကျင့်သုံးစွဲမြဲပြီး ကျန်းမာရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရေး၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးသွားစေရေးအတွက် ရည်ရွယ်၍ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။