ကရင်ပြည်နယ် လှာကဒေါင်ရေလျှံကွင်းအတွင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းနှစ်သောင်းကို ငါးမျိုးစိုက်ထည့်

ကရင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံ့ရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကိုပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရေးတို့ကို ရည်ရွယ်၍ သဘာဝမြစ်ချောင်း၊ အင်းအိုင်ဆည်တမံများအတွင်း ငါးမျိုးများစိုက်ထည့်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာ၊ လှာကဒေါင်ရေလျှံကွင်းအတွင်း ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသည့် ငါးသားပေါက်ကောင်ရေ တစ်သိန်းနှစ်သောင်းကို ငါးမျိုးစိုက်ထည့်ပေးကြသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အရေး စွမ်းရည်မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၉) နာရီက အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရေနံချောင်းတက္ကသိုလ်၌ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ ပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းတက္ကသိုလ်၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဥပဒေပိုင်းဆိုင်ရာများကို သိရှိနားလည်စေရန်အတွက် ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ ပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။

လှိုင်မြို့နယ် အမှတ်(၈)အခြေခံပညာအလယ်တန်းကျောင်းတွင် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲကျင်းပ

လှိုင်မြို့နယ်အမှတ်(၈)အခြေခံပညာအလယ်တန်းကျောင်းတွင် လှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်သူများအဖွဲ့(Book Club)နှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲနှင့်ဆုချီးမြင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်က အ.လ.က(၈)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာတက္ကသိုလ် ဘုန်းနိုင်ရေးသားသော “သူ့ကျွန်မခံပြီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။

မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး တိုက်ကွမ်ဒိုသင်တန်းဆင်းပွဲ ကျင်းပ

မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်တိုက်ကွမ်ဒို အားကစားသမားများ မွေးထုတ်ပေးနိုင်‌ရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး တိုက်ကွမ်ဒိုသင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးတွေ့ဆုံဆွေးနွေး

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် စာရင်းစစ်/စာရင်းကောက်တာဝန်ပေးအပ်ရန်လျာထားသည့် ဆရာ/ ဆရာမများ၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း(Volunteer)များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က(ထန်းတပင်)ကျောင်း၊ လှိုင်ရတနာခန်းမတွင်ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မုံရွာမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၃/၂၀၂၄)ဖွင့်ပွဲအခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ဟိုတယ်နှင့်ခရီးသွားဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း အမှတ်စဉ်(၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးနှမ်းများစတင်ရိတ်သိမ်း နှမ်းနက်တစ်တင်း ကျပ်နှစ်သိန်းဝန်းကျင်ထိဈေးရ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ တောင်သူများ၏ယာမြေများတွင် စိုက်ပျိုးထားရှိသော မိုးနှမ်းများ ဩဂုတ်လလယ်ခန့်မှ စတင်ရိတ်သိမ်းလျက်ရှိပြီး ရောင်းချရာတွင် နှမ်းအနက်တစ်တင်းလျှင် ကျပ်တစ်သိန်းကိုးသောင်းထိဈေးရရှိကြောင်း မိုးနှမ်းစိုက်ပျိုးသည့်တောင်သူတစ်ဦးထံမှ သိရသည်။

ပိုင်ကျုံမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီ ဘောလုံးပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီမှ ကြီးမှူးကျင်းပသည့် မိုးရာသီဘောလုံးပြိုင်ပွဲကို ယမန်နေ့က အဆိုပါ ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to