ကွန်ပျူတာတက္ကသိုလ်(မအူပင်)တွင် PROJECT SHOW 2024 ပြပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ကွန်ပျူတာတက္ကသိုလ်(မအူပင်)တွင် PROJECT SHOW 2024 ပြပွဲအခမ်းအနားအား ယမန်နေ့နံနက်(၁၁)နာရီက ကွန်ပျူတာတက္ကသိုလ်(မအူပင်)ရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဖျာပုံမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသော လုပ်ငန်းစဥ်ဖြစ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူနိုင်​ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/သူလူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် မိမိတို့ဝါသနာပါရာ အားကစားနည်းတစ်ခုခုကို စနစ်တကျသင်ယူလေ့ကျင့်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ လှသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုတက္ကသိုလ်၌ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေနှင့် ပြည်ထောင်စု​ရွှေး​ကောက်ပွဲ​ကော်မရှင် ဥပဒေဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲ (ဒုတိယအကြိမ်)ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အမျိုးသားရေးသွင်ပြင်များကို ထိန်းသိမ်းမှတ်သားလိုက်နာတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေအကြောင်း၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်​ရေးနှင့် ယဥ်​ကျေးမှုအ​မွေများ ထိန်းသိမ်း​စေ​ရေး သိကောင်းစရာများ(ဒုတိယအကြိမ်) ​ဟော​ပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

မုဒုံမြို့၌ ရော်ဘာပင်များအား မိုးကာအုပ်အစေးခြစ်နည်း ကွင်းသရုပ်ပြပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရော်ဘာအထွက်နှုန်းတိုးတက်မြင့်မားစေရန် ရော်ဘာပင်များအား မိုးကာအုပ်အစေးခြစ်နည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်ရွဲကျေးရွာရှိ စိုက်ကွက်အမှတ်(၈)၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

ဗလငါးတန်ဖွံ့ဖြိုးရေး ကျောင်းကျန်းမာရေးအလေးပေး ဟူသော ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်  ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်၉နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများက အဓိကမျှော်တွေး ကျန်းမာရေးသီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော စာအုပ်စာစောင်များအား ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော စာအုပ်စာစောင်များအား ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီလုပ်ငန်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ယမန်နေ့နေလယ်ပိုင်းက အမှတ်(၈)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၈/၂၀၂၄) အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၈/၂၀၂၄)အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
Subscribe to