လှိုင် ဩဂုတ် ၂၈
လှိုင်မြို့နယ်အမှတ်(၈)အခြေခံပညာအလယ်တန်းကျောင်းတွင် လှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်သူများအဖွဲ့(Book Club)နှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲနှင့်ဆုချီးမြင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်က အ.လ.က(၈)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာဗဟိုကော်မတီဝင် ဆရာမင်းဆက်ပိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲများကို လှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်သူများအဖွဲ့(Book Club)နှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းစီစဥ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရှိရပြီး အခမ်းအနားသို့ မြန်မာနိုင်ငံစာရေးဆရာဗဟိုကော်မတီဝင် ဆရာမင်းဆက်ပိုင်၊ လှိုင်မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှဝန်ထမ်းများ၊ လှိုင်မြို့နယ်ပညာရေးမှူးဒေါ်သီတာဝင်း၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌဦးသန်းကျော်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)