ပိုင်ကျုံ သြဂုတ်၂၈
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီမှ ကြီးမှူးကျင်းပသည့် မိုးရာသီဘောလုံးပြိုင်ပွဲကို ယမန်နေ့က အဆိုပါ ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် အသင်းအလိုက်အုပ်ချုပ်သူများက ကွင်းအတွင်းနေရာယူခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်းများ ဆောင်ရွက်ပြီး၊ အ-ထ-ကပိုင်ကျုံ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစောအယ်ခရစ်က မိုးရာသီဘောလုံးပြိုင်ပွဲကို နှစ်စဉ်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာအပြင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘက်စုံထူးချွန်ထက်မြက်ပြီး လူတော်လူကောင်း ဖြစ်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ကျောင်းကောင်စီအဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)