ရေနံချောင်း ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းတက္ကသိုလ်၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဥပဒေပိုင်းဆိုင်ရာများကို သိရှိနားလည်စေရန်အတွက် ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ ပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရေနံချောင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဟိန်းစိုးထွန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ အခြားဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ပညာပေးဟောပြောရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြသည်။
ယင်းနောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်က ပညာပေးဟောပြောဆွေးနွေးပေးသည့် ဒုတိယမြို့နယ်ဥပဒေအရာရှိအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ရေနံချောင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)