မြိတ် ဩဂုတ် ၂၈
မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်တိုက်ကွမ်ဒို အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး တိုက်ကွမ်ဒိုသင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က သင်တန်းဆင်းအမှာ စကားပြောကြားသည်။ ထိုနောက် သင်တန်းဆင်း ကျောင်းသား/သူများက တိုက်ကွမ်ဒို သရုပ်ပြကစားပြီး သင်တန်းနည်းပြဆရာအား ဂုဏ်ပြုလက်ဆောင်နှင့် သင်တန်းတက်ရောက်သော ကျောင်းသား/သူများအား သင်တန်းဆင်းလက်မှတ်များကို မြိတ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် တိုက်ကွမ်ဒိုအခြေခံအဆင့် ခြေကန်နည်း(၆)မျိုး၊ တားဆီးနည်း(၃)မျိုး၊ လက်သီးထိုးနည်းများကို ဩဂုတ်လ(၁၄)ရက်မှ(၂၇)ရက်အထိ သင်ကြားပေးခဲ့ပြီး သင်တန်းသား ကျောင်းသား/သူ(၄၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)