ဘိုကလေးမြို့နယ်တွင် သုတဓမ္မဒီပလိုမာ Level(1,2,3) သင်တန်းများ စက်တင်ဘာ လဆန်းမှစ၍ ဖွင့်လှစ်မည်

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ အရှင်နန္ဒမာလဘိဝံသ ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်ဖွင့်လှစ်ထားသည့် ပညာဘူမိတက္ကသိုလ်မှ သုတဓမ္မဒီပလိုမာ စာမေးပွဲများအား (၆)လလျှင် (၁)ကြိမ်နှုန်းဖြင့် နှစ်စဉ် စာမေးပွဲ(၂)ကြိမ် နယ်စာစစ်ဌာနများအလိုက် ကျင်းပဆောင်ရွက်လျက်ရှိရာ  ယခုနှစ် ဒီဇင်ဘာလတွင်လည်း စာမေးပွဲကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ စာမေးပွဲဖြေဆိုကြမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ရဟန်း၊ ရှင်၊ လူများအနေဖြင့် စာမေးပွဲအား လွယ်ကူစွာ ဖြေဆိုအောင်မြင်နိုင်ရေး စက်တင်ဘာလဆန်းမှစ၍  Level အလိုက် သင်တန်းများအား ဘိုကလေးမြို့ လယ်ကျက်သရေဆောင်၊ မြို့မဆွမ်းလောင်းအသင်း ဓမ္မာရုံကြီးတွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ် တရားလွှတ်တော်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးထွန်းထွန်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားရေးအရာရှိများ၊ ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်တရားသူကြီးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ် မန္တလေး ဩဂုတ် ၂၈ မြင့်မော်ထွန်း

ရန်ကင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုယနေ့နံနက် ၈ နာရီ၌ ကျင်းပခဲ့သည်။

ပေါင်းတည်မြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးရန်မသင့်သော အစားအစာများဆိုင်ရာ အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနသည် ဘုန်းတော်ကြီးသင် မူလတန်းကျောင်း(သရက်တော)တွင် စားသုံးရန်မသင့်သော အစားအစာများအကြောင်းနှင့် စားသုံးမိက ရရှိလာမည့် ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

လပွတ္တာ​မြို့နယ်တွင် သွေးလွန်တုပ်‌ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁၀) ရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ်များနှင့် ခြံဝန်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ကျိုက်လတ်မြို့နယ် အခြေခံပညာကျောင်းများ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ ဆက်လက်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၉)အခြေခံပညာ မူလတန်း (လွန်)ကျောင်းတွင် ယနေ့နံနက်ပိုင်းက စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှ၌ မြို့နယ်အဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်စပ်လျဉ်းပြီး 3Rs(Reduce, Reuse, Recycle)စနစ် အသိပညာပေးဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ကကြီးမှူး၍ မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြို့နယ်အဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်စပ်လျဉ်းပြီး 3Rs(Reduce, Reuse, Recycle)စနစ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များအသိပညာ၊ အတွေးအခေါ်များပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့်အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to