မြိတ်မြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကလေးများအတွက် စံမှီအာဟာရ ချက်ပြုတ်ရာတွင် ပါဝင်ရမည့် အစာအုပ်စု(၃)စုမှ ပါဝင်ပစ္စည်းများအား အသိပညာပေး
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကလေးများအတွက် စံမှီအာဟာရချက်ပြုတ်ရာတွင် ပါဝင်ရမည့် အစာအုပ်စု(၃)စုမှ ပါဝင်ပစ္စည်းများအား အသိပညာပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ယနေ့နံနက်(၁ဝ)နာရီက မြိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြသည်။