ကျောက်ဆည်၊ ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အရေး စွမ်းရည်မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၉) နာရီက အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အားလပ်ချိန်များတွင် အချိန်ကိုကောင်းစွာအသုံးချတတ်စေရန်နှင့် ရေးသားမှုစွမ်းရည်မြင့်မားရေး ကောင်းမွန်ပြည့်စုံသည့် စာစီစာကုံးတစ်ပုဒ်ရရှိရန် စာများများဖတ်ပြီး လေ့ကျင့်မှုများပြုလုပ်ထားရန်လိုကြောင်း၊ နိဒါန်း၊ စာကိုယ်၊ နိဂုံး စသည့် အင်္ဂါရပ်များနှင့်အညီ အချက်အလက်ရေးသားတင်ပြပုံ လှပရန်လိုကြောင်း နိဂုံးသည် ခေါင်းစဉ်နှင့်လျော်ညီသည့် နိဂုံးဖြစ်ရန်လိုကြောင်းနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမ သီတဂူ(ကျောက်ဆည်)က စာစီစာကုံးရေးသားရာတွင် သရုပ်ဖော်ရေးသားခြင်းခြင်း၊ အကြောင်းအကျိုး ဖော်ပြရေးသားခြင်း၊ အတွေးအခေါ်ဖြင့် ရေးသားဖော်ပြခြင်းစသည့် စာစီစာကုံးရေးသားနည်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အခြေခံစာစီစာကုံးရေးသားနည်းသင်တန်းသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဩဂုတ်(၂၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၂)ရက်အကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံစာစီစာကုံး ရေးသားနည်းများအပြင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံ အင်္ဂလိပ်စာသင်တန်းများလည်း သင်ကြားပေးခဲ့ကြောင်း သိရသည်။
စုစုအေး( ကျောက်ဆည်)