ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး Bagan Plastic Campaign အဖွဲ့မှ ပလတ်စတစ်များ စုပေါင်းကောက်ယူ

ညောင်ဦး ဩဂုတ် ၃၁

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ် ပလတ်စတစ် ကောက်ယူရှင်းလင်းနေလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို ယနေ့ နံနက် (၇) နာရီအချိန်မှစတင်ကာ ဓမ္မရံကြီးဘုရား ပတ်ဝန်းကျင်နှင့် ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းဘက်အထွက် သံတော် ကုန်းထိပ်မှလမ်း ဘေးဝဲယာတစ်လျှောက် ပလတ်စတစ်အမှိုက်များ ဖော့ဘူးခွံများ ကောက်ယူသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအ တွင်း ပလတ်စတစ်ကင်းစင်စေရေး Bagan Plastic Campaign အဖွဲ့နှင့် Miss Earth Myanmar 2024 Thaw Dar Sun၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန-ပုဂံဌာနခွဲမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနဝန်ထမ်များနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ Balloons ဝန်ထမ်းများ၊ ဧည့်လမ်းညွှန် အသင်းမှအသင်းသား/သူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အသင်းသား/သူများ၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်း(ပုဂံဇုန်)မှဝန်ထမ်းများသည် ဓမ္မရံကြီးဘုရားပတ်ဝန်းကျင်နှင့် ညောင်ဦးမြို့မှ မြင်းခြံ၊ ပခုက္ကူလမ်း မြို့အထွက် သံတော်ကုန်းထိပ်မှစတင်ပြီး ကျောက်ဂူဥမင်ဘုရား သွားလမ်းခွဲအထိ ဝဲယာတစ်လျှောက် ပလတ်စတစ်အမှိုက်များ၊ ဖော့ဘူးခွံများကောက် ယူရှင်းလင်းခြင်းအား ပလတ်စတစ် အမှိုက်ကင်းစင်ရေး စနေနေ့ တိုင်းလှုပ်ရှားကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရကာ၊ Bagan Plastic Campaign အဖွဲ့သို့ အလှူငွေပေးအပ်ခြင်း၊ အမှိုက်ကို စနစ်တကျစွန့်ပစ်ရန် ပုဂံဝန်းကျင် သာယာလှပစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း