ငါန်းဇွန် ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် လျော့ကျစေရေးအတွက် ယနေ့နံနက် ၉ နာရီက ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့ပေါ်ရပ်ကွက်များ အလိုက် ဆီကိုယ်စားလှယ်များထံတွင် ပြည်သူများမှ သတ်မှတ်ထားသော ဆီထုတ်ယူခွင့် စာအုပ်ကို ကိုင်ဆောင်၍ အလှည့်ကျတန်းစီစနစ်ဖြင့် စားအုန်းဆီတစ်ပိဿာလျှင် သတ်မှတ်ဈေးနှုန်း (၇၅၀၀/-)ကျပ်ဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ(၁)ပိဿာနှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့အတူ မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ကျေးရွာအလိုက် ဆီကိုယ်စားလှယ်များထံတွင် ဆီထုတ်ယူခွင့်စာအုပ်ဖြင့် တစ်အိမ်ထောင်လျှင် စားအုပ်ဆီ (၁)ပိဿာနှုန်း သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)