တမူးမြို့တွင် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

တမူး စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့‌ဆောင်ရွက်ရာတွင် တမူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား အသက်အရွယ်အပိုင်းအခြားအလိုက် ဂျပန်ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းကို စက်တင်ဘာလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ ထိုးနှံတိုက်‌ကျွေး‌သွားမည်ဖြစ်ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံတိုက်‌ကျွေးပေးသွားမည်ဖြစ်ကြောင်း ကျန်မာရေးဦးစီးဌာနမှ သိရသည်။

ရတနာ