သာကေတ စက်တင်ဘာ ၂
သာကေတမြို့နယ် စာရေးဆရာအသင်းမှ နှစ်စဥ်ဆက်ကပ်မြဲဖြစ်သော စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက သာကေတမြို့နယ် ရှုခင်းသာရပ်ကွက် ရှုခင်းသာမြို့ပတ်လမ်းမကြီး YBS ၈၄ ဂိတ်အနီးရှိ အောင်သုခပရိယတ္တိကျောင်းတိုက်၌ ဆက်ကပ်လှူဒါန်းရာ သာကေတမြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ၊ ပြည်တွင်းပြည်ပသာသနာပြု ဘဒ္ဒန္တ နန္ဒက (ရဟန်းစာဆိုရှင် - ဓမ္မလုလင်)ထံမှ ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်က မေတ္တသုတ် ရွတ်ဖတ်သရဇ္စျာယ်သည်။ ထို့နောက် သာကေတမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းဝင်များက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်ထံ ရေစက်သွန်းချတရားတော် နာယူခဲ့ကြသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)