ဟင်္သာတခရိုင်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ဟင်္သာတ စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူ၊ အုပ်ထိန်းသူ၊ နည်းပြ၊ ပံ့ပိုးနှင့် ဒိုင်အဖွဲ့များမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခြင်း၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး လေ့ကျင့်ရေးနှင့် တိုင်းဒေသကြီးအဆင့်သို့ ယဉ်ပြိုင်မှုအောင်နိုင်ရေး ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက တိုင်းဒေသကြီးသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် သွားလာနေထိုင်မှုစည်းကမ်းများ ဆွေးနွေးခြင်း၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဟင်္သာတခရိုင် အောင်နိုင်ရေးအလံပေးအပ်ခြင်း၊ ပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအတွက် အုပ်ချုပ်မှုစရိတ် ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ တိုင်းအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူ၊ အုပ်ထိန်းသူ၊ နည်းပြ၊ ပံ့ပိုးနှင့် ဒိုင်အဖွဲ့များ၊ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)