ဝါးခယ်မ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကွမ်းခြံကုန်းကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်လျက်ရှိရာ မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းက အမှာစကားပြောကြားခြင်း၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဇော်ထက်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးနွဲ့က သင်ကြားပို့ချမည့် အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ထိုသင်တန်းကို စက်တင်ဘာလ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)