ကျွန်းလှ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများက ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးများကို ဆေးမှတ်တမ်းရေးသွင်းပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျထိုးနှံပေးကြသည်။
အဆိုပါ ကျွန်းလှမြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန်ချိန်ခြင်း၊ သန္ဓေသားအနေအထား မှန်မမှန်စစ်ဆေးပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကလေးများကာကွယ်ဆေးထိုးနှံပေးခြင်း၊ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)