အမရပူရမြို့နယ်အတွင်း အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်းစိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ အင်ဂျင်စွမ်းအားသုံး (၆)တန်းသွားလက်ဆွဲကောက်စိုက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာ၊ ကွင်းအမှတ်(၅၇၀-ခ)၊ ပေါက်အင်းကွင်း၊ ဦးပိုင်အမှတ်(၄၆/၁)ရှိ ဒေသခံတောင်သူ ဦးမြင့်မောင်၏လယ်မြေ   (၃.၀၀)ဧက အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အုတ်တွင်းအခြေခံပညာအထက်တန်းကျောင်းပညာသီရိခန်းမ၌ ကျင်းပခဲ့သည်။

မြို့နယ်သမဝါယမအသင်းစု၏ (၂၀၂၃-၂ဝ၂၄) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မန္တလေး၊ အောင်မြေသာစံမြို့နယ် သမဝါယမအသင်းစု၏(၂၀၂၃-၂ဝ၂၄)ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးအခမ်းအနားးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်၊ သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စုပေါင်းကာကွယ် မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စုပေါင်းကာကွယ် မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက် ဥတ္တရသီရိ စက်တင်ဘာ ၅ အောင်မျိုးဝင်း(ပြန်/ဆက်)

ကျောက်တန်းမြို့နယ်၊ ပါဒါကြီးစံပြကျေးရွာတွင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မွမ်းမံစက်ချုပ်နည်းသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပါဒါကြီးစံပြကျေးရွာ၌၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မွမ်းမံစက်ချုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီက ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့၏ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်း မှော်ဝန်းရတနာခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ငွေဆောင်မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer)ဒုတိယအကြိမ်ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ယနေ့နံနက် (၁၀) နာရီက ကျေးလက်ကျန်းမာရေးဌာနမှ ဒေသခံပြည်သူများအား အမှတ်(၃) ရပ်ကွက်၊ ဟိုတယ်ဇုံလမ်းရှိ ကျေးလက် ကျန်းမာရေးဌာနခွဲရုံး၌ ဂျာမနီနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Pfizer) ဒုတိယအ​​ကြိမ်  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ မြို့နယ်အဆင့် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အဆင့် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့အားကစား ကွင်း၌ ယမန်နေ့‌ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ အဆင့်မြင့်ငါးဈေးသစ်စီမံကိန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွန်မှုဖြင့် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့် မော်လမြိုင်အဆင့်မြင့်ငါးဈေးသစ်စီမံကိန်းသို့ ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to