ကျောက်တန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကျောက်တန်း  စက်တင်ဘာ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့၏ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်း မှော်ဝန်းရတနာခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာမှ ဂုဏ်ပြုအမှာစကားပြောကြားပြီး မိဘဆရာအသင်းနာယကကြီး ဦးတန်ချန်စိန်က ပညာရည်ချွန်ဆုချီးမြှင့်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဆုရကျောင်းသားကျောင်းသူများကို ဆုများချီးမြှင့်ခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။ အခမ်းအနားတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊‌ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နေလင်းကျော်(ပြန်/ဆက်)