ကလောမြို့နယ်၌ ဇောတိမာန်ငွေစုငွေချေးသမဝါယမအသင်း(လီမီတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဇောတိစံပြကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီက ဇောတိမာန်ငွေစုငွေချေးသမဝါယမအသင်း(လီမီတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ ရောင်းချပေးနေမှုအခြေအနေများနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် စျေးနှုန်းများတည်ငြိမ်စေရေးအတွက်လည်းကောင်း၊ စျေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းထက် စျေးနှုန်းမြင့်တင်ရောင်းချမှုရှိ/မရှိ သိရှိနိုင်ရေးအတွက်လည်းကောင်း ကွင်းဆင်းစစ်ဆေးကြီးကြပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဆေးနှင့် ဆေးပစ္စည်းဆိုင်များ၊ ဆန်၊ ဆီရောင်းချပေးနေမှုအခြေအနေများအား ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက် (၉) နာရီအချိန်မှ စတင်ကာ ကျေးရွာအုပ်စု (၅)အုပ်စုတို့မှ တောင်သူ (၄၈)ဦးအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “ ဘဝပန်းတိုင် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်း​​ဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “ဘဝပန်းတိုင်” စာအုပ် ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။

မိုင်းခုတ်မြို့၊ အမှတ် (၂) ရပ်ကွက်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အမှတ် (၂) ရပ်ကွက်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်ကောင်စီချေးငွေကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီ ချေးငွေကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ညနေ ၅ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပရာ နေပြည်တော်ကောင်စီ ချေးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မူဆယ်မြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ စွမ်စော်အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေး‌ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအားတိုးမြှင့်နိုင်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအားတိုးမြှင့်နိုင်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်/ ခရိုင်/ မြို့နယ်အဆင့် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့၊ MSME လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to