ငွေဆောင်မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer)ဒုတိယအကြိမ်ထိုးနှံ

ငွေဆောင် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ယနေ့နံနက် (၁၀) နာရီက ကျေးလက်ကျန်းမာရေးဌာနမှ ဒေသခံပြည်သူများအား အမှတ်(၃) ရပ်ကွက်၊ ဟိုတယ်ဇုံလမ်းရှိ ကျေးလက် ကျန်းမာရေးဌာနခွဲရုံး၌ ဂျာမနီနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Pfizer) ဒုတိယအ​​ကြိမ်  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြရန်အတွက် ယမန်နေ့က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှကြီးမှူး၍ မြို့အတွင်း အသံချဲ့စက်ဖြင့် လှည့်လည် ကြေငြာ ပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျေးလက် ကျန်းမာရေး ဌာနခွဲမှ ဆရာမဒေါ်ခင်မိမိလှိုင် ဘက်စုံသားဖွားဆရာမ(Midwife)ငွေဆောင်(S/C)နှင့် နော်အယ် ဂေးဝါး (ကျန်းမာရေးကြီးကြပ်-၂)တို့မှ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဒေသခံ ပြည်သူများနှင့် ကျောင်းဆရာ၊ ဆရာမများ၊ စုစုပေါင်း (၁၀၅) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Pfizer)ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ကျန်ရှိနေသော ပြည်သူများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနထံမှ သိရသည်။

R – 014( ငွေဆောင်)