ကျောက်တန်း စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပါဒါကြီးစံပြကျေးရွာ၌၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မွမ်းမံစက်ချုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီက ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်-၂ ဦးစိုးမြင့်ကျော်နှင့်တာ၀န်ရှိသူများ၊ သန်လျင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးနှင့်တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့၀င်-၂ ဦးစိုးမြင့်ကျော်မှ သင်တန်းဆင်းပွဲအမှာစကားပြောကြားကာ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဆွေဇင်အေးက သင်တန်းထွက်ကုန်များပေးအပ်ခဲ့သည်။ ထို့နောက် ဆုရသင်တန်းသူ(၅)ဦးအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော်(ပြန်ဆက်)