ဒိုက်ဦးမြို့နယ်၌ ပန်းခင်းစီမံချက် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းများဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃) အုပ်စုတို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒိုက်ဦးမြို့နယ်ဦးစီးမှူးရုံးမှဦးစီးမှူး ဦးစောထွန်းဖြူနှင့်ဝန်ထမ်းများသည် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းများအား ပန်းခင်းစီမံချက် (၃) အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။