ပင်လုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အ​မှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။

ညောင်ဦးခရိုင်အတွင်း စာသင်တိုက်များရှိ စာသင်စာချသံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက ညောင်ဦးခရိုင်အတွင်းရှိ စာသင်တိုက်များတွင် သီတင်းသုံးနေထိုင်လျက်ရှိသောစာသင်၊ စာချသံဃာတော်များအတွက် ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၊ အခြေခံပညာမူလတန်းကျောင်း(ပန်မုန့်)၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အ.မ.က(ပန်မုန့်)ကျောင်းသို့ သွားရောက်ပြီး အသိပညာပေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

မိုးနဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းကျေးရွာများသို့ ရန်ပုံငွေ လွှဲပြောင်းပေးအပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မိုးနဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက် စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းများဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက ညောင်လေးပင်မြို့ အ.လ.က(ခွဲ) တောင်စက်ရုံလမ်းကျောင်း၌ပြုလုပ်သည်။

ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃/၂၀၂၄)သင်တန်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့တွင် အမှတ်(၁၁)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တောင်တွင်းကြီးမြို့နယ် ရွှေအိုး (၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန် ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရွှေအိုး (၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာ (အ.ထ.က)ကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာတွင် ကျောင်းသား/ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားစေရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က မက်မန်းမြို့ အောင်သံလွင်ကျေးရွာ (အ.ထ.က)ကျောင်းတွင် သွားရောက်ကျင်းပခဲ့သည်။

မိုင်းဆတ်မြို့၌ လူငယ်ရေးရာကော်မတီမှ ဖွင့်လှစ်သည့် Physical Fitness Dance (၁/၂၀၂၄) သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်ရေးရာကော်မတီမှဖွင့်လှစ်သည့် Physical Fitness Dance (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉)နာရီက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အဆောက်အအုံသစ်တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာတွင် နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှမတည်ထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)ဖြင့် မက်မန်းမြို့နယ်၊ အောင်သံလွင်ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အဆောက်အအုံဆောက်လုပ်မည့်မြေနေရာတွင် ယမန်နေ့က ပန္နက်တင်အခမ်းအနား ကျင်းပခဲ့သည်။
Subscribe to