ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အပိုင်း (၄) မိသားစု ငွေစုငွေချေးသမဝါယမအသင်းလိမိတက် နှစ်ပတ်လည်အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အပိုင်း (၄) မိသားစု ငွေစုငွေချေးသမဝါယမအသင်းလိမိတက်၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် အပိုင်း (၄) မိသားစု ဓမ္မာရုံ၌ ကျင်းပသည်။

ချောက်မြို့၊ အ.ထ.က(၃)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများတိုးပွား​စေရန်၊ ကျောင်းစာအပြင်ပြင်ပဗဟုသုတများကြွယ်ဝလာစေ​ရန်၊ ဥပဒေဆိုင်ရာအခြေခံအသိအမြင်၊ ဗဟုသုတများတိုးပွားစေရန်နှင့် ဥပဒေဆိုင်ရာအချက်အလက်များကို ကျောင်းသားလူငယ်များ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အ.ထ.က(၃)ကျောင်းရှိ စိုးမေတ္တာခန်းမတွင် ဌာနဆိုင်ရာများပူး​​ပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်မြို့ အ-ထ-က (မြို့မ) ကျောင်းတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင် ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community centre) တွင် ကျင်းပခဲ့သည်။

ရေနံချောင်းမြို့မဈေးကြီး၌ အသား၊ ငါးဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ အသား၊ ငါးဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မြို့မဈေးကြီးတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to