အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

အုတ်တွင်း စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အုတ်တွင်းအခြေခံပညာအထက်တန်းကျောင်းပညာသီရိခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးတင်ယုကအဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ဆွေဆွေမိုးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ‌ဒေါ်ခင်မူမူဝင်းနှင့် အ-ထ-က(အုတ်တွင်း)မှ ဆရာဦးဘုန်းမြင့်ကိုတို့က‌ စေ့စပ်ညှိနှိုင်းသူများအဖြစ်ပါဝင်‌ဆောင်ရွက်ကြပြီး Grade-12 မှ မောင်ဟိန်းထက်ဇော်က "လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး" ၊ Grade-12 မှ မပိုးအိဖြူက "လူငယ်နှင့် ကျန်းမာရေး"၊ Grade-10 မှ မမေဝင့်သော်က "လူငယ်နှင့်စာရိတ္တ"၊ Grade-10 မှ ဆလိုင်းမြင့်မြတ်ဌေးက "လူငယ်နှင့် အားကစား"၊ Grade-10 မှ မဆုရတနာက "လူငယ်နှင့်မူးယစ်ဆေးဝါး" စသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက်လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည့် အချက်များကိုမေးမြန်းခဲ့ကြရာ‌ ‌ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်းနှင့် လူငယ်စကားဝိုင်းသို့တက်ရောက်လာသူများမှ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အသိပညာပေးနံကပ်စာစောင်နှင့် စာအုပ်စာစောင်များကိုကြည့်ရှု‌လေ့လာခဲ့ကြကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)