သုံးခွမြို့နယ် အ.လ.က (၁) ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သုံးခွ စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က သုံးခွမြို့နယ် အ.လ.က (၁) ကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အ.လ.က ၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်​အေဇာသန်းဝင်းက အဖွင့်အမှာစကားပြောကြား​ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို လေ့လာဖတ်ရှု့စေလိုကြောင်း၊ စာ​ပေဖတ်ရူ့ခြင်းကြောင့် အတွေးအခေါ်များမြင့်မားလာပြီး အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့သည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမော်က စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ရှိ/မရှိ အကြောင်းအရာများ၊ မြန်မာဘာသာဖြင့်ရေးသားထားသော အစားအစားများကို သာစားသုံးရန်နှင့် စားသုံးသူအခွင့်အရေး (၈) ချက်ပါအကြောင်းအရာများကို‌ ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးခုပ်စွမ်းခိုင်က အားကစားအကြောင်းသိကောင်းစရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

 ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ကြကြောင်း သိရသည်၊၊

စည်သူလင်း (ပြန်/ဆက်)