မုံရွာ စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း မိုးစပါးနှင့်ဝါ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်းရှိမြတ်ဇေယျာခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးအား အဓိကအားပြုလုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်တာနှင့်အညီ စစ်ကိုင်းခရိုင် အပါအဝင် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံ အပါအဝင် သီးနှံမျိုးစုံအား စိုက်ပျိုးလျာထားချက် ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် ဆီထွက်သီးနှံ၊ပဲမျိုးစုံနှင့်အခြားသီးနှံများ ပန်းတိုင်ရည်မှန်းချက်အား ပြည့်မီအောင်စိုက်ပျိုးနိုင်မည်ဆိုပါက တိုင်းဒေသကြီး၏ ဆန်၊ ဆီ၊ ပဲဖူလုံမှုများ ပိုမိုတိုးတက်လာ နိုင်မှာဖြစ်သကဲ့သို့ ဝါသီးနှံနှင့်ဆက်စပ်လျှက်ရှိသည့် စက်မှုလက်မှုလုပ်ငန်းများ၏ အခြေခံ ကုန်ကြမ်းလိုအပ်ချက်များ တိုးတက်ဖြည့်ဆည်းနိုင်ရေးအတွက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကိုလည်း ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ အလေးထား ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစုများအား စနစ်တကျသုံးစွဲနည်းအား ပညာပေးဆွေးနွေး ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များ၌ မိုးစပါး၊ဝါနှင့် ဆီ ထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားရှိမှုများနှင့် ဆက်လက်လုပ်သွား မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူနှစ်ဦးထံ သွင်းအားစုများအား ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူ များထံ သွင်းစုများအား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်းအတွင်း အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတောင်သူများအား နေ့လယ်စာများ ဝေငှခဲ့ကြပြီး စားသုံးဆီများဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုနှင့် တိုင်းဒေကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား စိုက်ပျိုးရေး ဆိုင်ရာ Online စနစ်ဖြင့်လေ့လာနိုင်ရေး နည်းပညာပေးစင်တာအတွင်း Mobile Phone ဖြင့်အသုံးပြုပုံများအား ရှင်းလင်းပြသနေမှုများအား လိုက်လံကြည့်ရှုခဲ့အားပေးခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းခရိုင်အတွင်း၌ ဆီထွက်သီးနှံအထူးဇုန်နှင့်ဝါသီးနှံအထူးဇုန်တို့ကိုလည်း ဆောင်ရွက်လျက်ရှိနေပြီး ခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း၊ ဝါသီးနှံ လျာထားဧက ၅၀၅၈၂ ဧက၊ စိုက်ပျိုးပြီးစီးမှုဧက၂၀၈၃၈ ဧက၊ ဆီထွက်သီး နှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာအနေဖြင့် လျာထားဧက ၁၀၀၈၈၄၇ ဧက၊ စိုက်ပျိုးပြီး ဧက ၁၀၅၆၁၅ ဧကနှင့် ဆီထွက်သီးနှံအထူးဇုန်အနေဖြင့် လျာထားဧက ၁၁၁၁၇၅ ဧက၊ စိုက်ပျိုးပြီးဧက ၄၇၂၆၂ ဧကနှင့် မိုးစပါးအနေဖြင့် လျာထားဧက ၄၂၂၅၀ ဧက၊ စိုက်ပျိုးပြီး ဧက ၂၇၉၁၂ ဧက စိုက်ပျိုး ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)