မင်းလှ စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကို အ.ထ.က (မင်းလှ - မြို့ပြင်)ကျောင်း အေးမြသီတာခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်ကကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းအောင်ကအမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍ Grade-11 ကျောင်းသား/သူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အားကစားခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ တတ်ရောက်လာသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်ဆွေး နွေးသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသား/သူများကို လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး သုတ/ရသ စာအုပ်များနှင့် နံရံကပ်စာစောင်များခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)