နည်းပညာတက္ကသိုလ်(ရမည်းသင်း) ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရမည်းသင်း စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်နည်းပညာတက္ကသိုလ်(ရမည်းသင်း)တို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက Theater(1)  ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ရမည်းသင်း)ကျောင်းအုပ်ကြီး ပါမောက္ခချုပ်ဒေါက်တာမြတ်သူက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၉၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ကျော်မိုးလှိုင်က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအန္တရာယ်နှင့်လိုက်နာရမည့်အချက်များအားလည်းကောင်း၊ ဒုတိယခရိုင် ဉပဒေအရာရှိ ဒေါ်ပြုံးသိရိဝေက မူးယစ်ဆေးဝါးဥပဒေ၊ လောင်းကစားဥပဒေနှင့်လူကုန်ကူးမှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်း‌ကောင်း အသီးသီးဟောပြောခဲ့ကြရာ  ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ ကျောင်းသား/ကျောင်းသူများမှ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊သုတ၊ရသ စာအုပ်များကိုစိတ်ဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားထားကြကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်၊ရမည်းသင်း