ပေါက်ခေါင်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးမြတ်၏ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီကာလတွင်ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာများကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့သည်။

ပလောက်မြို့၊ အမှတ် (၃) ရပ်ကွက်၊ အ.မ.က(ဖိုးပြန်ကုန်း)ကျောင်း၌ ကျောင်းသား၊ကျောင်းသူများ အာဟာရကျွေးမွေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၃)ရပ်ကွက်၊ အ.မ.က (ဖိုးပြန်ကုန်း)ကျောင်း၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရတနာပုံတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊အရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ (World Teachers' Day) အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အဆောင်(၃၁) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကြက်ခြေနီအကြောင်းသိကောင်းစရာ ဟောပြောပွဲပြုလုပ်

ကျောင်းသား၊ ကျောင်းသူများအားကျောင်းစာအပြင်၊ ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေး၊ ကြက်ခြေနီအသင်း၏ လုပ်ငန်းတာဝန်များကို စိတ်ပါဝင်စားစေရန်ရည်ရွယ်ကာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကြက်ခြေနီအသင်းက ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီက ရေဖြူမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဟောပြောပွဲပြုလုပ်ခဲ့သည်။

နဂါးမူလွန်ကျောင်း၌ လူငယ်ရေးရာဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံစေရန်စသည့်ရည်ရွယ်ချက်များဖြင့် လူငယ် ရေးရာဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု လူရွေးချယ်ရေးလက်ဝှေ့ပြိုင်ပွဲဆုပေးပွဲအခမ်း အနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း၌ ၂၀၂၄ ခုနှစ် (ပဥ္စမ) အကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ယနေ့မွန်လွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုလူရွေးချယ်ရေးလက်ဝှေ့ပြိုင်ပွဲဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအားလုံးရှိ ဖွင့်လှစ်ထားသော လက်ဝှေ့ကလပ်ပေါင်းစုံ အမျိုးသား၊အမျိုး သမီးများဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး မြန်မာ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ် ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါ ပြိုင်ပွဲတွင် သက်ငယ်တန်းအမျိုးသမီး 48 KG၊ 50 KG ၊ 52 KG၊ 60 KG၊ သက်ငယ်တန်း အမျိုးသား 51 KG၊54 KG ၊ 57 KG၊ 60 KG၊ 71 KG၊ အမျိုးသားအလွတ်တန်း 51 KG၊ 54 KG ၊ 57 KG၊ 60 KG၊ 71 KG၊ 63.5 KG၊  67 KG၊ စသည့်ဝိတ်တန်းအလိုက်လက်ဝှေ့ပြိုင်ပွဲများကို (၈.၉.၂၀၂၄)ရက်နေ့မှ စတင်ကျင်းပပေးခဲ့ပြီး (၉.၉.၂၀၂၄)ရက်နေ့တွင် ဖိုင်နယ်ပွဲစဉ်နှင့်ဆုပေးပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ပြီး ဆုရ အားကစားသမားများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့၊ Community Centre ခန်းမ၌ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

မုံရွာခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော မျောက်ကျောက် ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ မုံရွာခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့်ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဇင်မေလှိုင်နှင့်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍  ကလေး အလုပ်သမားပပျောက်ရေး  အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ နေကြာ ၁၂၈၀၅ ဧက လျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ နေကြာ ၁၂၈၀၅ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးနဲမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာန၏စီစဥ်မှုဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Subscribe to