မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန၊ အမှတ် (၁၇)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဒေါနဘွားရပ်ကွက်၊ အကွက်(၅၄)၊ ၁၄ လမ်း၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြား၊ အမှတ်(၁၇) အခြေခံ ပညာအထက်တက်ကျောင်းရှိ ကွန်းခိုရာခန်းမဆောင်၌ ကျင်းပပြုလုပ်ရာကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းနှင့် ဆရာ/ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီ၊ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ်မီး သတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်မျိုးထက်နှင့်ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ် စန်းစန်းအေး၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။