ပလောက်မြို့၊ အမှတ် (၃) ရပ်ကွက်၊ အ.မ.က(ဖိုးပြန်ကုန်း)ကျောင်း၌ ကျောင်းသား၊ကျောင်းသူများ အာဟာရကျွေးမွေးခြင်းဆောင်ရွက်

ပလောက် စက်တင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၃)ရပ်ကွက်၊ အ.မ.က (ဖိုးပြန်ကုန်း)ကျောင်း၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့အမျိုးသမီးရေးရာအဖွဲ့ဝင်များက အမှတ် (၃) ရပ်ကွက်၊ အ.မ.က (ဖိုးပြန်ကုန်း) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးများအား အာဟာရအဖြစ် ကြာဇံကြော်နှင့်အအေးများကို အာဟာရအဖြစ် ကျွေးမွေးပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)