သဲကုန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ​မြို့နယ်အဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) တွင် ကျင်းပခဲ့သည်။

လပွတ္တာမြို့နယ်တွင် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်လှစ်

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လယ်ယာသုံး စက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းကို ယနေ့နံနက် ၈ နာရီချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးအဆင့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးအဆင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ တိုင်း/ခရိုင်/မြို့နယ်ပညာရေးမှူး များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောင်းသား/ကျောင်းသူများက ပညာသည်သာရတနာသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်း အနားကို ဖွင့်လှစ်ခဲ့သည်။

ကျိုက်လတ်မြို့နယ် ဓမ္မရက္ခိတ‌‌ကျောင်းတိုက်တွင် ဇီဝိတဒါန အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းနှင့် ကွန်ပျူတာပညာဒါန အပတ်စဉ် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဒရင်ကောက်ကျေးရွာအုပ်စု၊ ကမာချိုင့်ကျေးရွာ၊ ဓမ္မရက္ခိတ‌‌ကျောင်းတိုက်တွင် ယမန်နေ့ မွန်းတည့်(၁၂)နာရီက 119 စတိုး မိသားစုမှ ဇီဝိတဒါန အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းနှင့် ကွန်ပျူတာပညာဒါန အပတ်စဉ် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ သင်္ဘောလွန်းကျင်းအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်အတွင်း ဆမားဒူးဝါးရပ်ကွက်ရှိ ထွန်းလင်းအောင် သင်္ဘောလွန်းကျင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမိသားစုများမှ ဆွမ်းဆန်တော်များလှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိသားစုများမှဝါတွင်းကာလအတွင်း ဘုန်းတော်ကြီးကျောင်းများတွင် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့်ဝါဆိုသံဃာတော်များအတွက် ဆွမ်းကိစ္စရပ်များ အခက်အခဲမရှိစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များလှူဒါန်းလျက်ရှိရာ ယနေ့နံနက်က ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန္ဒာသီရိနွေးနှင့် ဝန်ထမ်းများက ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂)ကျေးရွာ အောင်သုခ ကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဓမ္မဉာဏထံသို့ (၂၄)ပြည့်ပါ ဆန်အိတ်(၃)အိတ်၊ ဆီ(၁၀)ပိဿာ၊ ကုလားပဲ(၃)ပြည်၊ သင်္ကန်း(၁)စုံ တို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်စီမံမှုများ ဆောင်ရွက်

မိုင်းယောင်းမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်စီမံမှုများ ဆောင်ရွက် မိုင်းယောင်း စက်တင်ဘာ ၉ ဝေဝေခိုင်(ပြန်/ဆက်)

ဘိုကလေးမြို့နယ်တွင် သဘာဝသစ်စိမ်းမြေဩဇာပေါများစွာ အသုံးပြုနိုင်ရေး ကားလမ်း ဘေးဝဲ၊ယာများ၌ ပိုက်ဆံလျှော်ပင်စိုက်ပျိုးရန် လမ်းညွှန်ထားရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် စိုက်ပျိုးရေးကဏ္ဍအား အဓိကစီပွားရေးကဏ္ဍအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေသတစ်ခုဖြစ်ရာ စိုက်ပျိုး ထုတ်လုပ်ချိန်များ၌ ဓာတုမြေဩဇာအစား သဘာဝမြေဩဇာ အစားထိုးထည့်သွင်း စိုက်ပျိုးနိုင်ရေးအတွက် ဘိုကလေးမြို့နယ်အတွင်းရှိ ကားလမ်းဘေး ဝဲ၊ ယာများတွင် ပိုက်ဆံလျှော်ပင်စိုက်ပျိုးရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအား မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအနေဖြင့် လမ်းညွှန်ထားရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၄-ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Talk Show ကျင်းပ

ချောက်မြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Talk Show ကျင်းပ ချောက် စက်တင်ဘာ ၉ နိုင်ထက်မိုး (ချောက်၊ ပြန်/ဆက်)
Subscribe to